မှော်ဘီ မတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် မြို့နယ်သံဃနာယကအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့တို့မှ ကြီးမှူးကျင်းပသော မြို့နယ်လုံးဆိုင်ရာ အစိုးရဓမ္မာစရိယတန်း၊ နိကာယ်တန်း၊ ပထမပြန်တန်းနှင့်ဘအဘိဓမ္မာ,ဝိသုဒ္ဓီမဂ် ယဉ်ကျေးမှုစာမေးပွဲတို့ကို ဖြေဆိုအောင်မြင်ကြသော သံဃာတော်အရှင်သူမြတ်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ လူပုဂ္ဂိုလ်အပေါင်းတို့အား ဂုဏ်ပြုဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီ အချိန်က မှော်ဘီမြို့ ဓမ္မာရုံကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း၊ မင်္ဂလာရွှေစောင်းတော် အဖွဲ့နှင့်တွဲဖက်၍ ဗုဒ္ဓရောင်ခြည်တော်ဖွင့်ဖြင့် သီကျူးပူဇော်ခြင်း၊ မင်္ဂလာဒုံမြို့နယ် သံဃ နာယက (ဥက္ကဋ္ဌ ) ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်း၊ မှော်ဘီခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကြည်နိုင်မှ သာသနာ့ရေးဆိုရာများ လျှောက်ထားခြင်း၊ တေးသံရှင်ယဉ်မွန်မှ မင်္ဂလာရတုပိုဒ် ရွတ်ဆိုပူဇော်ခြင်းခဲ့ပြီး ဆုပေးပွဲအခမ်းအနားတွင် သာသနဓဇဓမ္မာစရိဘွဲ့ရ(၉)ပါး၊ ဝိနယဝိဒူဘွဲ့ရ (၄၄) ပါး၊ ဒီဃနိကာယဝိဒူဘွဲ့ရ(၃)ပါး၊ အင်္ဂုတ္တရနိကာယဝိ ဒူဘွဲ့ရ (၄)ပါး၊ အဘိဓမ္မာဝိဒူယဘွဲ့ရ(၃)ပါး၊ အဘိဓမ္မာနှင့်သုဒ္ဓိမဂ်အောင် (၆၅)ပါး၊ ပထမကြီးတန်းအောင်(၁၆)ပါး၊ ပထမလတ်တန်းအောင် (၅၉)ပါး၊ ပမထငယ်တန်းအောင်(၆၃)ပါး၊ အခြေပြုမူလတန်းအောင်(၁၃၁)ပါး စုစုပေါင်း ဆရာတော် သံဃာတော်(၃၉၇)ပါး၊ ယဉ်ကျေးမှုအောင် (၃၅၇) ပါး၊ သီလရှင်များအပြင် လူပိုင်းဆိုင်ရာ အဘိဓမ္မာ စာမေးပွဲပထမဆင့်၊ ဒုတိယဆင့်၊တတိယဆင့် အောင်မြင်သူများ၊ အဘိဓမ္မာရိုးရိုး၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်အောင်မြင်သူများ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှု အဖြေဌာနအလိုက် အောင်မြင်သူများအား အောင်လက်မှတ်နှင့် ဂုဏ်ပြုဆုများဆပ်ကပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းစိုးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆိုခဲ့ပြီး အခမ်းအနားရုတ်သိမ်းကာ ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ပြီး အခမ်းအနားသို့ မြို့နယ် သံဃနာယက ဆရာတော်များ၊ မှော်ဘီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်များနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းဇော် (ပြန်/ ဆက်)