ရွှေသောင်ယံမြို့ သဲကုန်းအုပ်စုအတွင်း ကျေးရွာများ၌ ငါးနှစ်အောက် ကလေးငယ်များအား ရက်သတ္တပတ် အာဟာရတိုက်ကျွေး
Aug 09,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းအုပ်စုအတွင်းရှိ ပိုးလောင်းကျေးရွာ၊ သဲကျင်း ကျေးရွာ၊ နွယ်ညိုချောင်းကျေးရွာများသို့ ယမန်နေ့ နံနက်ပိုင်းက ရွှေသောင်ယံမြို့ သပေါ့ကန်ကျေးလက် ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ များမှ ကျန်းမာရေးဝန်ထမ်းများမှ သွားရောက်ကာ အသက် (၆)လမှ (၅)နှစ်အောက် ကလေးများအား Vitamin(A)နှင့် သံချဆေးများကို တိုက်ကျွေး ၍ ပေါင်ချိန်ခြင်းဖြင့် ရက်သတ္တပတ် အာဟာရလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။