မိုင်းယန်းမြို့၌ နွေရာသီအခြေခံအားကစားနည်း ၄ မျိုးဖြင့် အခမဲ့သင်ကြားပေးမည်
Mar 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်းကို တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီအားကစားသင်တန်းမှ ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးနိုင်ရေးအတွက် နွေရာသီကျောင်းပိတ်ရက်တွင် အခြေခံအားကစားနည်း ၄ မျိုးဖြင့် အခမဲ့လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်။