ဟိုပန် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Aug 09,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မူကြိုကလေးငယ်များအား ကျန်းမာကြံ့ခိုင်စေရန်နှင့် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ တိုးတက်မြင့်မားစေရန်တို့ကို ရည်ရွယ်၍ မူလတန်းကြိုအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီက ဟိုပန်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။