နမ္မတူ မတ် ၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး စာမေးပွဲအား မတ်လ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ္မတူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းဖြင့် ကျင်းပမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ ဘာသာတွဲ (၁)တွင် အတွင်းဖြေ (၆)ဦး၊ ပြင်ပဖြေ (၆၅)ဦး၊ ဘာသာတွဲ (၂)တွင် အတွင်းဖြေ (၄)ဦး၊ ပြင်ပဖြေ (၆)ဦး၊ ဘာသာတွဲ (၇)တွင် အတွင်းဖြေ (၆)ဦး၊ ပြင်ပဖြေ (၃၃)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးစောဝင်းဌေးထံက သိရသည်။
လူမော် (ပြန်/ဆက်)