ကျိုင်းတုံ မတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၌ နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယမန်နေ့က အကျိုး ခံစားခွင့်ရှိသူများလက်ဝယ်အရောက် ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် တာဝန် ရှိသူများက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် ကျိုင်းတုံခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများရှိ အသက် ၈၅ နှစ်အထက် သက်ကြီးရွယ်အိုများအား အောက်တိုဘာလမှ ဒီဇင်ဘာလအထိ တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ဘိုးဘွား ၇၆၄ ဦးအတွက် စုစုပေါင်းငွေကျပ် ၂၂၉၂၀၀၀၀ ကို အကျိုးခံစားခွင့်ရှိသူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)