သတင်းများ

တောင်သာမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက်ကလေးငယ်များ ပုံမှန် ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်း ဆောင်ရွက်ပေး
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် မွေးစမှအသက်(၁)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားဆောင်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များကို ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိတ်သတ်များ စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က မိုင်းလုံမြို့ နယ်မြေမီးသတ်စခန်းတွင် သွားရောက်ဌားရမ်းပေးခဲ့သည်။
မူဆယ်မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်) ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၃၀၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် (၄.၃.၂၀၂၃)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မြို့နယ်လုံးကျွတ် (ဒုတိယအကြိမ်)ရဟန်း၊ သာမဏေ၊ သီလရှင် အပါး(၁၃၀၀)ကျော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ယမန်နေ့ နေ့လည်(၂း၀၀) အချိန်က ခရိုင်/မြို့နယ် စုပေါင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြု လုပ်ခဲ့ပါသည်။
အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့သစ်ရပ်ကွက်မူကြိုကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့စည်ပင်သာယာစျေး ရေစီးရေလာကောင်းမွန်စေရန်နှင့် မြို့ပြသန့်ရှင်းသာယာရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Mar 03,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သစ်မြို့အား အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများစည်းကမ်းတကျ အမှိုက်စွန့်ပစ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ မြို့ပြသန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။
ရှမ်းရွာသစ်မြို့၌အသက်၂နှစ်အောက် ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးဆက်လက်ထိုးနှံ
Mar 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ကျေးလက်ကျန်းမာရေးဌာနတွင် အသက်၂နှစ်အောက် ကလေးငယ်များအားကျန်းမာသန်စွမ်း ရန်နှင့်ကူးစက်မှုရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေးခြင်းကို  ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ်  (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
Mar 03,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းခတ်မြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Mar 03,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် တိုက်ကျွေးထိုးနှံပေးကြောင်းသိရသည်။