သတင်းများ

ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် ကျောင်းကျန်းမာရေး ရက်သတ္တပတ် အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်
Aug 09,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကျောင်းသားကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများကို အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြ၀တီခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေ ဆုံကုန်းရပ်၊ နေအိမ်ပေါ်လဲကျနေသည့် မန်ကျည်းပင်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်း
Aug 09,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်း၏ အရှေ့မြောက်ဘက် ၄ ဖာလုံခန့်အကွာ၊ စဉ့်ကူတိုက်နယ် ဆုံကုန်းရပ် နှစ်သက်တမ်း ၁၀၀ ခန့်ရှိ မန်ကျည်ပင်ကြီးသည် မိုးရွာသွန်းမှုများခြင်းကြောင့် မြေသားခိုင်မာမှုမရှိပဲ ယမန်နေ့ည ၈ နာရီအချိန်ခန့်က လဲကျကာ အိမ်ပိနေခြင်းကြောင့် စဉ့်ကူနယ်မြေမီးသတ်စခန်းမှမီး သတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက ဆွမ်းဆန်တော်လှူဒါန်း
Aug 09,2022
ပြည်ထဲရေးဝန်ကြီးဌာန၏ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲခူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Aug 09,2022
ပဲခူးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း က ပဲခူးမြို့ သီရိဟံသာခန်းမ၌ မြို့နယ်ကျန်းမားရေးဦးစီးဌာနမှ ဝန်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိသည်။
တံတားဦးမြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်
Aug 09,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘပြည်သူများ စာဖတ်ပေရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး စာပေချစ်မြတ်နိုးသူများ ရှိလာစေရေးနှင့် စာပေဗဟုသုတ ကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးကြောင်းသိရသည်။
မြန်မာတာဝန်ရှိသူများထံ UWSA( ဝ)အဖွဲ့မှလွဲပြောင်းပေးသော ထိုင်းနိုင်ငံသားဒါရိုက်တာအား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်
Aug 09,2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)၊ တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား( ၂)မှ ထိုင်းနိုင်ငံသား ဒါရိုက်တာအား မြန်မာတာဝန်များနှင့်( TBC)က ထိုင်းနိုင်ငံသို့
ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်
Aug 09,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက တောင်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဆုချီးမြှင့်ပွဲပြုလုပ်
Aug 09,2022
မန္တလေးတိုင်းဒေသကြီး သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း ဝန်းဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ခဲ့သည်။