သတင်းများ

သာယာဝတီမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေး
Aug 09,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက အ.ထ.က(သုံးဆယ်) ကျောင်းတွင် အသိပညာပေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ဆန်မြို့၌ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်ဖွံ့ဖြိုးမှုလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 09,2022
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အတူအဖွဲ့ဝင် ဗိုလ်မှူးကျော်ညီညီသိန်း၊ ယာယီရဲမှူး သန်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အင်ဂျင်နီယာ ဒေါ်မိုမိုသော် တို့က ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဇယန်းကြီးကျေးရွာ ပတ္တမြားစေတီတွင် ပြန်လည်ပြုပြင်လျက်ရှိသော ဘုရားငါးဆူကန္ဓကုရိတိုက်သို့ရောက်ရှိရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဦးပညာသီရိ ကပြင်ဆင်ပြီးစီးမှု အခြေအနေများအား လိုက်လံရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းထိုက် က လိုအပ်သည်များကို မြို့နယ်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ကျောက်တံခါးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဟောပြောပွဲကျင်းပ
Aug 09,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုနှင့် ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း (အနောက်ရပ်)ကျောင်း၌ ကျင်းပသည်။
မုဒုံမြို့၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှုမရှိစေရေး သင်တန်းများ ဖွင့်လှစ်ပြီး ရက်ကန်းပညာရှင်များ မွေးထုတ်ပေး
Aug 09,2022
သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မုဒုံမြို့နယ် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ရက်ကန်းပညာရပ်များ တိမ်ကောပပျောက်မှု မရှိစေရေး ရက်ကန်းလုပ်ငန်းဆိုင်ရာ နည်းပညာများ အတတ်ပညာများ ပိုမိုထွန်းကားစေ​ရန်နှင့် ရက်ကန်းပညာရှင်များ တိုးပွားလာစေရေး တို့အတွက် သင်တန်းများဖွင့်လှစ်ကာ ပညာရှင်များကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မကွေးခရိုင် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ တောင်တွင်းကြီးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးနေမှုအား ကြည့်ရှု စစ်ဆေး
Aug 09,2022
မကွေးတိုင်းဒေသကြီး၊ မ‌ကွေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်ထူးသည် တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက်(၁၀)နာရီက တောင်တွင်းကြီးမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)များအား Software Program ဖြင့် ထည့်သွင်းဆောင်ရွက်နေမှုများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။
သံဖြူဇရပ် လူထုအခြေပြုဗဟိုဌာန၌ မွေးမြူရေး တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Aug 09,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၁ နာရီ အချိန်က မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကွန်ဟိန်းမြို့၌ ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ
Aug 09,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ကျောင်းကျန်းမာရေး သီတင်းပတ် အထိမ်းအမှတ် ပြိုင်ပွဲများအား ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၁) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် စီမံကိန်းရေးဆွဲနိုင်ရေးညှိနှိုင်းစည်းဝေး
Aug 09,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းရေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ဗလမင်းထင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။