သတင်းများ

သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 03,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက သာသနာ့ဗိမာန်တော်ကြီးတွင်ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။
ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆက်လက် ဆောင်ရွက်
Mar 03,2023
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပ
Mar 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၉:၃၀ နာရီက စာရေးဆရာမ မေမြတ်စန္နာနှင့် ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အ.ထ.က(မိုးညို)ကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် လိုအပ်သည်များ ဆောင်ရွက်ပေး
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အထက(မိုးညို)ကျောင်းတွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပ ပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက်ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးထိတ်လန့်မှုမဖြစ်စေရန် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၃ခုနှစ် မတ်လ ၈ရက်နေ့တွင်  ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရန် စာစစ်ဌာနများ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက်ပိုင်းက စတင်စစ်ဆေးဆောင်ရွက်ကြသည်။
အလယ်တန်းဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပေးဟောပြောပွဲ ကျင်းပ
Mar 03,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် အလယ်တန်းဆင့် (Grade-9) ပြီးမြောက် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူနိုင်မည့်အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲခန့်က အမှတ်(၁)အခြေခံပညာအထက်တန်ကျောင်း ပညာ့ဂုဏ်ရည်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့တွင် "ဇီးရိုးမှဟီးရိုးဖြစ်ခဲ့ကြသည့်ဘီလျံနာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 03,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ လင်းလင်းထွန်း "ဇီးရိုးမှဟီးရိုးဖြစ်ခဲ့ကြသည့်ဘီလျံနာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။