သိန္နီမြို့ World Vision ရုံး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး စစ်ဆေးခြင်းများဆောင်ရွက်

သိန္နီ မတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ World Vision ရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် စစ်ဆေးခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မတ်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးဝင်းနိုင်နှင့် ဝန်ထမ်း များက World Vision ရုံး၌ လျှပ်စစ်ဝါယာကြိုးသွယ်တန်းထားမှု အခြေအနေများ၊ ရေသိုလှောင် သုံးစွဲမှု အခြေအနေများ၊ အရေးပေါ်မီးသတ်ဆေးဗူးထားရှိမှု အခြေအနေများ၊ ချက်ပြုတ်ခန်း သုံးစွဲမှု အခြေအနေများအား စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက် မီးဘေးအန္တရာယ် ပေါ်ပေါက်လာပါက အထောက်အကူဖြစ်စေမည့် မီးသတ်ဆေးဗူး အသုံးပြုနည်းများကိုလည်း သရုပ်ပြကာ လက်တွေ့ဆောင်ရွက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)