ဗန်းမော်ခရိုင်အတွင်း၌ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်
Aug 12,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း၌ ဆီထွက်သီးနှံစိုက်ဧကများ တိုးတက်လာစေရေး၊ တစ်ဧက အထွက်နှုန်း တိုးတက်လာစေရေးနှင့် ဒေသတွင်းစားသုံးဆီ ဖူလုံပိုလျှံလာစေရေး၊ ကျေးလက်နေ တောင်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ပေါများလာပြီး မိသားစုဝင်ငွေ တိုးတက်လာစေရန် ရည်ရွယ်၍ ဗန်းမော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စိုက်ပျိုးပညာပေးရေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေး နည်းပညာပေးသင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။