သတင်းများ

လဟယ်မြို့တွင် အသက် (၂)လမှ (၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်၀န်ဆောင် မိခင်များအား ပုံမှန်ဂါကာကွယ်ဆေးများ ထိုးနှံ
Mar 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် မွေးကင်းစ (၂)လမှ အသက် (၁)နှစ်ခွဲအောက် ကလေးသူငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန် ကာကွယ်ဆေးများ ထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီမှစတင်၍ လဟယ်မြို့ မိခင်နှင့်က‌လေးကျန်းမာရေးဦးစီးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ရေရရှိရေးလုပ်ငန်းအဖွဲ့နှင့်တွေ့ဆုံ၊ ရေရရှိရေးတိုင်းတာ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Mar 03,2023
စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သုံးရေလုံလောက်စွာ ရရှိနိုင်ရေးအတွက် စစ်တွေမြို့ရေရရှိရေး လုပ်ငန်းအဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) (ရုံးချုပ်) မှ ညွှန်ကြားရေးမှူး ဦးသက်နိုင်နှင့်အဖွဲ့သည် မတ်လ ၂ ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံကြသည်။
လိပ်သိုမြို့ (Community Centre) ခန်းမ၌ “ တပေါင်းလပြည့်နေ့အကြောင်း  ” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Mar 03,2023
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တပေါင်းလရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ (မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့) တပေါင်းလပြည့်နေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်ကို ယနေ့နံနက် (၁၀) နာရီအချိန်က လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပိုင်ကျုံမြို့ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသူ ဘိုးဘွားများအား ထောက်ပံ့ငွေများပေးအပ်
Mar 03,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊​ မိုးနိုင်းကျေးရွာအုပ်စု မိုးနိုင်းကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ (၃) လပတ်အတွက် လူမှုရေး ပင်စင်အကျိုးခံစားခွင့်ရှိသော အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် နွေနှမ်းများ စတင်စိုက်ပျိုး
Mar 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် နွေနှမ်း (၃၂၉၁၆) ဧက စိုက်ပျိုးရန်လျာထားပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာမှ နွေသီးနှံများစိုက်ပျိုးရန် ဆည်ရေများ စတင်ပေးဝေလျက်ရှိသဖြင့် နွေနှမ်းများ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့၌ ကိုးသောင်းပုထိုးတော်ကြီး ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကျင်းပမည်
Mar 03,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ  ရခိုင်ရှေးဟောင်းယဉ်ကျေးမှု သမိုင်းဝင်အမွေအနှစ် ကိုးသောင်းပုထိုးတော်ကြီးကို ပထမဆုံးအကြိမ်မြောက် ဗုဒ္ဓပူဇနိယျပွဲတော်ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၃ ညတိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ
Mar 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာမ ခင်စောတင့်ရေးသားထားသည့် “ဘဝပန်းတိုင်စိုက်သူများ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှုများအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Mar 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပသောမြို့ Clean City ဖြစ်လာစေရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှုများအား ယနေ့နံနက်(၁၀)နာရီအချိန်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/မြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။