တန့်ယန်းမြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ ရေကြည်ခုနှစ်ပေါက်ရေကန် သန့်ရှင်းရေးဆောင်ရွက်ပေးနေ

တန့်ယန်း မတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်လာရန်အတွက် ခွင့်ပြုဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးနေရာ အမှတ်(၄)ရပ်ကွက်ရှိ ရေကြည်ခုနှစ်ပေါက်ကန် သန့်ရှင်းသာယာရေးကို ဆောင်ရွက်ပေးနေကြောင်း သိရသည်။

အဆိုပါ အမှတ်(၄)ရပ်ကွက်ရှိ ရေကြည်ခုနှစ်ပေါက်‌ရေကန်အား သန့်ရှင်းသာယာရန်နှင့် ရေစီးရေလာ ပြန်လည်ကောင်းမွန်စေရန်အတွက် ‌ရေဧရိယာ(၄)ဧကအား အမှိုက်များရှင်းလင်းခြင်းနှင့်နှုံးများ ဆယ်ယူခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၈၅)သိန်းဖြင့် မြို့နယ် စည်ပင်သာယာရေးဌာနမှ အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းနှင့် ယခင်က ဒေသခံပြည်သူများ အားထားခဲ့ရသော ရေကန်ဖြစ်ပြီး နှစ်ကာလကြာမြင့်၍ ခြုံနွယ်များ၊ အမှိုက်များရှင်းလင်းရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)