ကျောင်းသူ/သားများဉာဏ်ရည်ဖွံ့ဖြိုးရေးပြိုင်ပွဲများ အပတ်စဉ်ပြုလုပ်
Aug 12,2022
တနင်္သာရီတိုင်ဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူ/သားများအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ ပြည်သူ့စာကြည့်တိုက်သို့ ယုံကြည်အားကိုးလာရောက်ကာ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများကို လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း ပျော်ရွှင်ဖွယ်ကစားနည်းများ ပြုလုပ်ပေးခဲ့သည်။