သတင်းများ

ဝေါမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး
Mar 07,2023
ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ် ဌာနဆိုင်ရာများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ နိုင်ငံ​တော်မှသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသည့် ဆရာ​တော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား မြို့​နေပြည်သူလူထုမှ ကြိုဆို
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်၊ နိုင်ငံ​တော်အစိုးရမှ ၂၀၂၃ခုနှစ်၊ သာသနာ​တော်ဆိုင်ရာ ဘွဲ့တံဆိပ်​တော်များ ဆက်ကပ်၊ ချီးမြှင့်ခြင်းခံရသည့် ဆရာ​တော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့အား ယမန်နေ့တွင် မြို့​နေပြည်သူလူထုများက ​​သောင်း​သောင်းဖျ ကြိုဆိုခဲ့ကြ​ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Mar 07,2023
မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေ တိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေး
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် စာစစ်ဌာနဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း (မောက်မယ်)၌ မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရန် ယနေ့နံနက် ၁၀ နာရီက အဆိုပါအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား စစ်ဆေးခဲ့ကြောင်း သိရသည်။
သိန္နီမြို့၌  တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနအား ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်
Mar 07,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား ကြည့်ရှုစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
မီးဘေးအန္တရာယ်အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှုစနစ်တကျရှိရေးကွင်းဆင်းစစ်ဆေး
Mar 07,2023
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်၊ မြို့ပတ်လမ်းရှိ စက်ရုံနှင့်ပစ္စည်းထားသို ဂိုထောင်များအတွင်း မီးဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်မှု စနစ်တကျရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက လာရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)၌ မျိုးကောင်းမျိုးသန့် ဖြန့်ဖြူးပေးနိုင်ရေး စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနေကြာ ရေဆင်း(၁)စပ်မျိုးနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်း
Mar 07,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ဒေသတွင်းရှိ တောင်သူများထံ ဆီထွက်သီးနှံ နေကြာမျိုးကောင်းမျိုးသန့်မျိုးစေ့ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ရေဆင်း(၁) စပ်မျိုးနေကြာစိုက်ခင်းများမှာ ယခုအခါ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍  မျိုးစေ့ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး စတင်ရိတ်သိမ်းခြွေလှေ့နေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။
မောက်မယ်မြို့နယ်တွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံနေအိမ်ဆောက်လုပ်ပြီးစီး၍ အပ်နှံခြင်း
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကွန်ကျိုင်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/ လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဦးဝင်း၏ နေအိမ်အားဆောက်လုပ်ပြီးစီး၍ ယနေ့နံနက်၁၀နာရီခွဲတွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက် နေအိမ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က အပ်နှံပေးခဲ့ကြောင်း သိရသည်။