သတင်းများ

ဒလမြို့နယ် အောင်ဇေယျဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး  
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အောင်ဇေယျဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သန့်ရှင်းရေးဆောင်ရွက်ထားမှုများကို ယနေ့ နံနက်(၁၀) အချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
မချမ်းဘော့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Mar 07,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကျောင်းသားလူငယ်များ နွေရာသီ ကျောင်းပိတ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာဖတ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁၂နာရီက လူထုအခြေပြု ဗဟိုဌာနရှိ ကလေးစာဖတ်ခန်း၌ ကျင်းပသည်။
လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအင်္ဂလိပ်စာ အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်
Mar 07,2023
နွေရာသီကျောင်းပိတ်ရက်ရှည်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် အင်္ဂလိပ်စာပညာရပ်အား စိတ်ပါဝင်စားပြီး အခြေခံမှစ၍ လေ့လာသင်ယူပြီး ကျွမ်းကျင်တတ်မြောက်စေရန် ရည်ရွယ်ချက်ဖြင့် နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊(Community-Centre)ခန်းမ၌  ပြုလုပ်သည်။
တံတားဦးမြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိတ်ဖွင့် လေလံတင် စနစ်ဖြင့် ရောင်းချ
Mar 07,2023
တံတားဦးခရိုင် တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့် အရပ်ရပ်အခွင့်အရေး လိုင်စင်များကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ခန်းမ၌ အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းချကြောင်း သိရသည်။
ဇေယျာသီရိမြို့နယ်တွင် ပန်းကြယ်သီးထိုးနည်းနှင့် ပန်းပွင့်ပြုလုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြား
Mar 07,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ပန်းကြယ်သီးထိုးနည်းနှင့် ပန်းပွင့်ပြုလုပ်နည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့ နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ဒလမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Mar 07,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့ကအချိန်က စာရေးဆရာကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် လူငယ်များအတွက် သိပ္ပံသုတစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
နောင်တရားမြို့၌ ဝဥစိုက်ပျိုးမှု စိတ်ဝင်စားမှုများလာ
Mar 07,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်ပီကျေးရွာအုပ်စု၊ ထီရီးကရင်ရွာ၌ ထောပတ်ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ဝဥစိုက်ပျိုးမှုကို စိတ်ဝင်စားကြကြောင်း ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ‌စာစစ်ဌာနများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။