သတင်းများ

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Aug 17,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသား သည့် “ လောကဇာတ်ခုံ ပေါ်မှာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
တွံတေးမြို့နယ် အ.ထ.က(ကံဘဲ့)၌ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်
Aug 17,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကံဘဲ့) တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့် မှုခင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် ကျောင်းကျန်းမာရေးဟောပြောပွဲကို ယမန်နေ့ နေလည်(၁)နာရီအချိန်က အဆိုပါ ကျောင်းခန်းမ၌ ကျင်းပခဲ့ပါသည်။
ညောင်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်း ဟောပြောပွဲကျင်းပ
Aug 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှ ညောင်ဦးမြို့နယ်အတွင်း အခြေခံပညာ ကျောင်းများသို့ ယနေ့နံနက် ၉ နာရီအချိန်က နယ်လှည့်ကွင်းဆင်း ဟောပြောပွဲအား ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ အခြေခံပညာအထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် မနခေါကျေးရွာ၌ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Aug 17,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အင်းတော်ကြီးဒေသ စိတ်တွင် Cash for Work စီမံကိန်းအကောင် အထည်ဖော် ဆောင်ရွက် နေသည့် မနခေါကျေးရွာသို့ ယနေ့ နံနက် (၁၀)နာရီက ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးလင်း၊ မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ခံ အင်ဂျင်နီယာ တို့က လုပ်ငန်းဆောင်ရွက်နေမှုနှင့် စာရင်းဇယားများဖြည့်သွင်းထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
မလှိုင်မြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်း ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်
Aug 17,2022
၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် ထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)၊ စီမံကိန်းမိတ်ဆက်ရှင်းလင်း ခြင်းနှင့် လုပ်ငန်းကော်မတီဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့က မလှိုင်မြို့နယ် ရေထွက်ကျေးရွာနှင့် ညောင်အုပ်ကျေးရွာတို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ရမည်းသင်းမြို့နယ်အတွင်း ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများဆောင်ရွက်
Aug 17,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်း ကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုများအနေဖြင့် ရမည်းသင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်း များ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းမြို့အမှတ် (၅) မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Aug 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက ၁၀ နာရီက မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပသည်။
ကလောမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Aug 17,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာန၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။