တောင်ဥက္ကလာပမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

တောင်ဥက္ကလာပ မတ် ၇

မိသားစုတစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတဆင့် အပိုဝင်ငွေ တိုးတက်ရရှိစေရန် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျသက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်း သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆပ်ပြာဆီပြုလုပ်မည့် ပစ္စည်းများ၏ အကျိုးအာနိသင်နှင့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဖွဲ့စည်းထားသော Club အသင်းများ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ပန်ချီရေးဆွဲနည်း (အ‌ခြေခံ)သင်တန်းနှင့်  အိမ်တွင်းမှုသင်တန်းများကို စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ ဆက်)