သတင်းများ

ကျောက်မဲမြို့တွင် မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆို
Mar 07,2023
နိုင်ငံတော်မှ ဆက်ကပ်ချီးမြှင့်သော မဟာဂန္တဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အားယူဆောင်၍ တောင်ကြီးမြို့မှ ပြန်လည်ကြွချီတော်မူလာသော ကျောက်မဲမြို့၊(၇) ရပ်ကွက်၊မကုဋဝတီကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တပညာဗလ အရှင်သူမြတ်အား ဂုဏ်ပြုကြိုဆိုပွဲကို ကျောက်မဲမြို့ ယနေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်း၏ ငွေစာရင်းပုံစံများ ရေးသားဖြည့်သွင်းနည်းသင်တန်း ဖွင့်လှစ်
Mar 07,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ဒေသ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြစိမ်းရောင် ကျေးရွာစီမံကိန်းအား ဆောင်ရွက်ပေးနေလျက်ရှိရာ မြစိမ်းရောင်စီမံကိန်း၏ ငွေစာရင်းပုံစံများ ရေးသားဖြည့်သွင်းနည်းသင်တန်းကို ယမန်နေ့က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းများအား ကွင်းဆင်းကြီးကြပ်စစ်ဆေး
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းအဖွဲ့က မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များကို ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့​ကြသည်။
ကျိုက်မရော၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပ
Mar 07,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မေသရဖူပရဟိတအသင်းတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများအား စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက စားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့ နာရီစင်ရှေ့တွင် ရောင်းချပေးကြောင်း သိရသည်။
ကျောက်ဆည်မြို့တွင် ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မတ်(၇)ရက်နံနက်(၁၀)နာရီခွဲက ကျောင်းသား/ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပုံပြော၊ ကဗျာရွတ်၊ စကားပုံဆက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပခုက္ကူမြို့နယ်တွင် စားသုံးသူရေးရာ အကာအကွယ်ပေးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 07,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရသော စားသောက်ကုန်များ ဝယ်ယူစားသောက်နိုင်စေရန် ရည်ရွယ်၍ စားသုံးသူရေးရာအကာအကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဘောကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အ.ထ.ကကော့မှူးစာစစ်ဌာန၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး
Mar 07,2023
၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် အ.ထ.ကကော့မှူးစာစစ်ဌာနတွင် ယနေ့နံနက်က မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေကြောင်း သိရသည်။