မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ လက်တွေ့အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 17,2022
စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ စိုက်ပျိုးသူ ဒေသခံတောင်သူများအတွက် မြေချဉ်၊ မြေငံ၊ ကိန်းကဏန်းနှင့် မြေဆီလွှာတွင် အပင်အတွက် အဓိကလိုအပ်သည့် နိုက်ထရိုဂျင်နှင့် ဖောစပရပ် အာဟာရဓာတ်ပါဝင်မှုတို့ကို မြေဆီလွှာဓာတ်ခွဲသေတ္တာအား အသုံးပြု၍ တိုင်းတာနိုင်ကြောင်း ယမန်နေ့ နံနက်ပိုင်းက အဆိုပါရုံးတွင် လက်တွေ့အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ စိတ်ပါဝင်စားသူများ ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။