သတင်းများ

ကဝမြို့နယ် စာစစ်ဌာန၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၃၃၅)ဦးဝင်ရောက်ဖြေဆိုမည်
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ ၂၀၂၃ခုနစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ကဝမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ကဝ)စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူ(၃၃၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြန်အောင်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပမည့် စာစစ်ဌာန (၇)ခု ပြင်ဆင်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှု စစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၇)ခုတွင် စာမေးပွဲ ဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု တို့ကို ယနေ့နံနက်က မြန်အောင်ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။
ရွှေကျင်မြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာသင်ကျောင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများ ကွင်းဆင်းဆောင်ရွက်
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး စာစစ်ဌာနပြင်ဆင်ထားရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ရွှေကျင်)စာစစ်ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနရုံး Community Center တွင်နွေရာသီ အင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် နွေရာသီအင်္ဂလိပ်စာ သင်တန်းကို ယနေ့ နံနက်(၉)နာရီ အချိန် စတင်ဖွင့်လှစ်ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်အတွင်း ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲ​အေးချမ်းစွာ​ ဖြေဆိုနိုင်​စေရန်အထက(ဖား​ဆောင်း) စာစ်ဌာနအားကြည့်ရှုစစ်​ဆေး
Mar 07,2023
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ​ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာ​မေးပွဲ​အေးချမ်းစွာ​ဖြေဆိုနိုင်​စေရန် အ.ထ.က(ဖား​ဆောင်း) စာစစ်ဌာနကို ယ​နေ့နံနက်(၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်​​​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်​ဆေးခဲ့သည်။
ကသာမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး
Mar 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနများအား ယနေ့ နံနက် (၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပူတာအိုဒေသတွင် လက်ဖက်စိုက်ဧက(၄၀၀)ကျော်စိုက်ပျိုးပြီး ဖါ့ခါး (PAQ KA) အမှတ်တံဆိပ်ဖြင့် ဖြန့်ဖြူး
Mar 07,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းဇယားများအရ လက်ဖက်စိုက်ဧက (၄၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး လက်ဖက်ခြောက် အဓိကထုတ်လုပ်သည့် စက်ရုံတစ်ခုတည်းသာရှိရာ ၎င်းစက်ရုံမှ ထုတ်လုပ်သော လက်ဖက်ခြောက်များကို ဖါ့ခါး(PAQ KA) အမှတ်တံဆိပ်ဖြင့် ပူတာအိုခရိုင်အတွင်း အဓိကဖြန့်ဖြူးပေးလျက်ရှိကြောင်း ပူတာအို လက်ဖက် အသင်းအစုအဖွဲ့ ဥက္ကဋ္ဌ ဦးဆလွတ်ထဖေဝမ်ထံမှ သိရသည်။
ပင်းတယမြို့နယ်၌ ၂၀၂၃ ခုနှစ် နွေရာသီအားကစား အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြို့နယ်အားကစားကွင်း ဘက်စုံသုံးအားကစားကွင်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၃ ခုနှစ် နွေရာသီအားကစား အခြေခံသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။