သိန္နီ မတ် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် မတ်လ(၈)ရက်နေ့တွင် စတင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနအား ကြည့်ရှုစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကြည်လင်၊ ရဲမှူး နိုင်တင်အေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်သူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စာမေးပွဲဖြေဆိုမည့် စာဖြေခန်းပြင်ဆင်ထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို မှာကြားကာ ရပ်ဝေးမှ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အားပေးစကား ပြောကြားခဲ့သည်။
သိန္နီမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ အတွင်းဖြေ ဆိုသူ(၃၉)ဦး ပြင်ပဖြေဆိုသူ(၅၄)ဦး စုစုပေါင်း (၉၃)ဦး ရှိရာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန တစ်ခု၌သာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)