သတင်းများ

ပုသိမ်မြို့၌ ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) (၆)လ သင်တန်း ဆင်းပွဲအခမ်းအနားနှင့် ဆန်စပါးဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲများကျင်းပ
Mar 07,2023
ဆေးဘက်ကျွမ်းကျင်-၄ (ဓာတ်မှန်/ဆေးစပ်) စိစစ်ရေးမှူး-၄ (ဆေးမှတ်တမ်း) သင်တန်းဆင်းပွဲ အခမ်းအနား အား ယမန်နေ့ နံနက်ပိုင်းက ပုသိမ် ပြည်သူ့ဆေးရုံကြီး ကိုးထပ်ဆောင် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှု စစ်ဆေးခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ ကြည့်ရှုစစ်ဆေးခဲ့သည်။
မလှိုင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်ဆိုင်ရာ အခွင့်အရေး လိုင်စင်များ လေလံရောင်းချပွဲ ကျင်းပ
Mar 07,2023
မလှိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင်များအား အိပ်ဖွင့်လေလံ စနစ်ဖြင့် လေလံရောင်းချပွဲကိုယမန်နေ့ နံနက်ပိုင်းက အဆိုပါအဖွဲ့ ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် “အံ့သြစရာ ရိုးရာဓလေ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Mar 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာရေးဆရာအောင်သင်း၏ အံသြစရာရိုးရာဓလေ့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ကြောင်း သိရသည်။
ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့ထုတ်စိုက်ခင်း စံကွက် ရိတ်သိမ်းပွဲ ကျင်းပ
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ (၂) မျိုးစေ့ထုတ် စံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီက ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့အုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ စိုက်ပျိုးထားသည့် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့ထုတ်စိုက်ခင်းမှ (၁)ဧကစံကွက် ရိတ်သိမ်းပွဲကို ကျင်းပခဲ့သည်။
စဉ့်ကူးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် စာမေးပွဲဖြေဆိုရန် ရောက်ရှိလာသည့် နယ်ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို စဉ့်ကူးမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မဟာစည်သာသနာ့ရိပ်သာတွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နိုင်ရေးနှင့် စာကြည့်များ တိုက်ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
Mar 07,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နိုင်ရေးနှင့် ဆောက်လုပ်ပြီး စာကြည့်တိုက်များ ရေရှည်ရှင်သန်ဖွံ့ဖြိုးရေး ဆောင်ရွက်သင့်သည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို၊ ယနေ့ နံနက်(၁၀:၃၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့(Community Centre)ခန်းမ၌မုန့်လုပ်နည်းသင်တန်းဖွင့်လှစ်
Mar 07,2023
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် မုန့်လုပ်နည်းသင်တန်းကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။