ဒေးဒရဲမြို့နယ်၌ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး
Mar 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျုံဒါးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ နောက်ပြန်တိုးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် တော်ကမယ်ကျေးရွာ အခြေခံပညာအထက်ကျောင်း(ခွဲ)တွင် ယနေ့နံနက် (၁၀) နာရီခွဲကစတင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။