သတင်းများ

ဆီဆိုင်မြို့နယ်၌ နွေရာသီအားကစားသင်တန်းများ သင်ကြားပေး
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအားကစားသင်တန်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ရှိအားကစားကွင်းနှင့် ကျေးရွာအားကစားကွင်းများတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး
Mar 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာသင်ကျောင်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပူးပေါင်းအဖွဲ့များမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူငယ်ရေးရာအသိပညာပေး (Talk Show) ရိုက်ကူးထုတ်လွှင့်
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဉ်ကျေးလိမ္မာ၊ ဉာဏ်ပညာတိုးတက်ရေးတို့အတွက် လူငယ်ရေးရာအသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ရိုက်ကူးခဲ့သည်။
တုံတာမြို့ ရပ်ကွက်-၄ ၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Mar 07,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ တုံတာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ ယနေ့နံနက်(၉)နာရီတွင် ရပ်ကွက်-၄ နယ်လှည့်ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့၏ ရိုးရာအိုးလုပ်ငန်းများတွင် အတာသင်္ကြန်အတွက် အတာအိုးများ ထုတ်လုပ်နေသည့်အတွက် အိုးလုပ်သားတို့ပုံမှန်ဝင်ငွေရနေ
Mar 07,2023
မြန်မာနိုင်ငံ၌ အိုးလုပ်ငန်းဟုဆိုလျှင် အထက်မြန်မာပြည်ရှိ နွယ်ငြိမ်းကျေးရွာ၊ အောက်မြန်မာပြည် တွံတေးမြို့အိုးလုပ်ငန်းကို လူသိများကြသည်။ အိုးဆိုလျှင် ဒေါင်းဒေါင်းမြည်တဲ့ အိုးမှခိုင်ခံ့သည်။ တွံတေးမြို့သည် တစ်ချိန်က ရှေးဟောင်းအိုးမြို့တော် ဖြစ်ခဲ့ဘူးသည်ဟု ပညာရှင်အများစုက လက်ခံထားကြသည်။ တွံတေးမြို့၏အိုးလုပ်ငန်းသည် ရှေးနှစ်ပေါင်းများစွာကပင် မိဘဘိုးဘွားအသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် အစဉ်အဆက် လုပ်ကိုင်လာကြကြောင်း သိရသည်။
မိုးနဲမြို့နယ် ဝိဇ္ဇာရိယပရိယတ္တိဘုန်းတော်ကြီးစာသင်တိုက်သို့ ဌာနစုပေါင်း အလှူငွေပေးအပ်
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်မြေရပ်ကွက် ဝိဇ္ဇာရိယပရိယတ္တိစာသင်တိုက်သို့ ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ဌာနစုပေါင်း အလှူငွေပေးအပ်ခဲ့ကြောင်း သိရသည်။
သမိုင်းဝင်ဆံတော်ရှင် မုလအိ စေတီတော်မြတ်ကြီး ရွှေထီးတော်တင် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Mar 07,2023
ကရင်ပြည်နယ်မြဝတီခရိုင်၊စုကလိမြို့ တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မုလအိစေတီတော်မြတ်ကြီး၏  နှစ်စဥ်တင်လှူ ပူဇော်မြဲဖြစ်သော ရွှေထီးတော်၊စိန်ဖူးတော် ငှက်မြတ်နားတော်အသစ်တင်လှူပူဇော်ခြင်း အခမ်းအနား အားယမန်နေ့နံနက် မင်္ဂလာအချိန်ဖြစ်သော ၉နာရီ ၉မိနစ် ၉ စက္ကန့်အချိန်က မုလအိဆံတော်ရှင်  အမျိုးသားဘုရား နှင့်အမျိုးသမီးဘုရား စေတီနှစ်ဆူတို့တွင် တစ်ပြိုင်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ
Mar 07,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ အပတ်စဉ် ဒေသဖွံ့ဖြိုးရေးအတွက် ရပ်ကွက် /ကျေးရွာနေ ပြည်သူများနှင့် တွေ့ဆုံပွဲများ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင်လည်း ကွန်နားကျေးရွာအုပ်စု မွေတော်ဘုန်းတော်ကြီးကျောင်းစုရပ်နေရာ၌ တွေ့ဆုံပွဲ ဆက်လက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။