မိုင်းဖြတ်မြို့နယ်၌ နိုင်ငံ​တော်မှသာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခြင်းခံရသည့် ဆရာ​တော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးအား မြို့​နေပြည်သူလူထုမှ ကြိုဆို

မိုင်းဖြတ် မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်၊ နိုင်ငံ​တော်အစိုးရမှ ၂၀၂၃ခုနှစ်၊ သာသနာ​တော်ဆိုင်ရာ ဘွဲ့တံဆိပ်​တော်များ ဆက်ကပ်၊ ချီးမြှင့်ခြင်းခံရသည့် ဆရာ​တော်နှစ်ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့အား ယမန်နေ့တွင် မြို့​နေပြည်သူလူထုများက ​​သောင်း​သောင်းဖျ ကြိုဆိုခဲ့ကြ​ကြောင်း သိရသည်။

ရှေးဦးစွာ မတ်လ ၅ ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲမှ ပြန်လည်ကြွရောက်လာသည့် မိုင်းဖြတ်မြို့နယ်၊ စျေးတန်းပရိယတ္ထိစာသင်တိုက် ဆရာ​တော်မဟာသဒ္ဓမ္မဇောဓိကဓဇ (သာသနာပြုဒုတိယအဆင့်) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလ၊ ဆွပ်ပလောင်း​ တောင်တန်းသာသနာပြုဆရာတော် သဒ္ဓမ္မဇောဓိကဓဇ (သာသနာပြုတတိယအဆင့်) ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တရေဝတနှင့်သုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ချီးမြှင့်ခြင်းခံရသည့် တော်ဝင်မိုင်းဖြတ်နဂါးဆောက်လုပ်ရေးကုမ္ပဏီမှ (မန်နေဂျင်းဒါရိုက်တာ) ဦးထွန်းရွှေတို့အား သံဃာ​တော်အရှင်သူမြတ်များ၊ ဌာနဆိုင်ရာများ၊ မြို့​နေပြည်သူလူထုများ၊ ဒါယကာ၊ ဒါယိကာမများက၊ ​ပျော်ရွှင်စွာဖြင့်​​သောင်း​သောင်းဖျကြိုဆိုခဲ့​ကြ​​ပြီး မြို့တွင်းသို့လှည့်လည်အပူ​ဇော်ခံခဲ့ပြီး စျေးတန်းပရိယတ္ထိစာသင်တိုက်သို့ပင့်​ဆောင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မဟာသဒ္ဓမ္မဇောဓိကဇ (သာသနာပြုဒုတိယအဆင့်)ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တဓမ္မပါလနှင့် သဒ္ဓမ္မဇောဓိကဓဇ (သာသနာပြုတတိယအဆင့်)ဘွဲ့တံဆိပ်တော်ရ  ဘဒ္ဒန္တရေဝတဆရာ​တော်နှစ်ပါးအား ပရိသတ်များကဖူးမျှော်ကြည်ညို၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်အောင်နှင့် တာဝန်ရှိသူများက အလှူရှင်များမှလှူဒါန်းသည့်ဝတ္ထု​ငွေ (၂၃၆၅၀၀၀)ကျပ်အား ဆက်ကပ်ပူဇော်ခဲ့​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)