သာယာဝတီမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားမှုဆောင်ရွက်မှုပြီးစီး
Aug 17,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့်ညီညွှတ်သော လူနေမှုပုံစံများ (Healthy Life Styles) သိရှိကျင့်သုံးစွဲမြဲစေပြီး ကျန်းမာရေးအဆင့်အတန်းမြှင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ်လရောက်တိုင်း သတ်မှတ်ဆောင်ရွက်လျက်ရာ သာယာဝတီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သြဂုတ်လ ၇ ရက်မှ ၁၃ ရက်နေအထိ အခြေခံပညာကျောင်းများ၌ အသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသားကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။