သတင်းများ

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက အထက-လှိုင်းဘွဲနှင့် အထက(ခွဲ)လှိုင်းဘွဲ စာစစ်ဌာနတို့၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ကျောင်းသားကျောင်းသူ ၈၉.၃၅ ရာခိုင်နှုန်း ဝင်ရောက်ဖြေဆို
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြို့နယ်စာစစ်ဌာနဖြစ်သည့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၈၉.၃၅ ရာခိုင်နှုန်းဝင်ရောက်ဖြေဆိုခဲ့ကြသည်။
မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီကစတင်ကာ မြန်မာတစ် နိုင်ငံ လုံးတွင် တစ်ပြိုင်နက်တည်း ဖြေဆိုလျက်ရှိရာ မြောက်ဦးမြို့နယ်အတွင်းစာ စစ်ဌာန(၃)ခု၌ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၈၇၆)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဆိုလျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမြန်မာသာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် စတင်ဖြေဆိုလျက်ရှိသည်။
ကော့သောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကော့သောင်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးစကား ပြောကြား
Mar 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ထားဝယ်စာစစ်ဌာနတွင် တည်းခိုနေထိုင်သော ကျောင်းသား/သူများအား ယမန်နေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယနေ့နံနက် ၉နာရီမှစတင်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုတွင် စတင်ဖြေဆိုကြောင်း သိရသည်။
ဝန်းသိုမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးဝင်ရောက်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ယနေ့ နံနက် ၉ နာရီအချိန်၌ နိုင်ငံတစ်ဝန်း စတင် ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ အ.ထ.က-ဝန်းသို စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်း သူစုစုပေါင်း (၁၅၀) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။