လှိုင်းဘွဲ မတ်လ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်းက အထက-လှိုင်းဘွဲနှင့် အထက(ခွဲ)လှိုင်းဘွဲ စာစစ်ဌာနတို့၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများမှ အ.ထ.က-လှိုင်းဘွဲစာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၁၃၈)ဦး၊ ဖြေဆို(၁၂၅)ဦး၊ ပျက်ကွက်(၁၃)ဦးနှင့် အထက(ခွဲ)လှိုင်းဘွဲ စာစစ်ဌာနတွင် စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၂၀၀)ဦး၊ ဖြေဆို(၁၉၁)ဦး၊ပျက်ကွက်(၉)ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၁၆)ဦး၊ ပျက်ကွက်(၂၂)ဦး၊ ပျမ်းမျှ ရာခိုင်နှုန်းအားဖြင့်(၉၃.၄၉)ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုခဲ့ကြောင်း၊ စာမေးပွဲများ ဖြေဆိုရာတွင် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)