သတင်းများ

ဖျာပုံမြို့နယ်၌ ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအား ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ စာစစ်ဌာန(၆) ခုတွင် ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုအား ခရိုင်/မြို့နယ် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာစတင်​ဖြေဆို
Mar 08,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(ဖား​ဆောင်း)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ(ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်၌၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်တွင် သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ စာမေးပွဲ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုအား ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများ ထောက်ပံ့
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာအုပ်စု၊ ကံကြီးကုန်းရွာတွင် နေအိမ်တစ်လုံးမီးလောင်ကျွမ်းခဲ့၍ မီးဘေးသင့်အိမ်ထောင်စုတစ်စုအား ယမန်နေ့က ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၇)ခုတွင် စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊   မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် ယနေ့နံနက် (၉)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (အထက-၁) စာစစ်ဌာန၌ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၆၇)ဦးတို့​ ဝင်​ရောက်​​ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအ​နေဖြင့် ယ​နေ့မှစတင်၍ သက်ဆိုင်ရာ မြို့နယ်များအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ စာ​မေးပွဲသို့လည်း ရန်ကုန်တိုင်းဒေသကြီး၊  ထန်းတပင်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၇)ဦးတို့ ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြင်းခြံမြို့တွင် လျှပ်စစ်အင်ဗာတာ အပူလွန်ကဲရာမှတဆင့် မီးလောင်မှုဖြစ်ပွား
Mar 08,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၇) ရပ်ကွက်တွင် ယနေ့ နံနက် (၆:၃၀) နာရီ အချိန်က လျှပ်စစ်အင်ဗာတာ အပူလွန်ကဲရာမှတဆင့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။