သတင်းများ

နွေရာသီကာလအတွင်း အားကစားနှင့်ကာယပညာဦးစီးဌာနက အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီကာလအတွင်း အားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၌  ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲစတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန(၂)ခုတို့၌ ယနေ့နံနက် ၉ နာရီက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သံဖြူဇရပ်၊ အ.ထ.က(၂)သံဖြူဇရပ်နှင့် အ.ထ.က(ကျိုက္ခမီ)စာစစ်ဌာန(၃)ခုဖြင့် ယနေ့နံနက်ပိုင်းမှစ၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစတင်ဖြေဆိုလျက်ရှိသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့တွင် လက်ပံတန်းမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၄၂၈ ဦး စတင်ဖြေဆို 
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် စတင်ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသော ကျောင်းသားကျောင်းသူများသည် နံနက် ၉ နာရီအချိန်မှစ၍ စာစစ်ဌာန (၃)ခုတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။
ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ နွေရာသီအားလပ်ရက် အချိန်ကိုအကျိုးရှိစေရန် ကျောင်းသားလူငယ်များအား စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားလပ်ရက် ကျောင်းသားလူငယ်များ အချိန်ကို အကျိုးရှိစေရန် စာစီစာကုံးရေးသားနည်းသင်တန်းကို ယနေ့နံနက် ၁၀ နာရီခွဲတွင် ရမည်းသင်း ခရိုင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ပေါက်တောမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူ (၁၀၀၆) ဦး ဝင်ရောက်ဖြေဆို
Mar 08,2023
မြန်မာနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့ နံနက် ၉ နာရီက စတင်ကာ တစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ပေါက်တောမြို့နယ်၌ စာစစ်ဌာန(၅)ခု ဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။
ရွှေကျင်မြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပရာ ရွှေကျင်မြို့နယ်အ.ထ.က(ရွှေကျင်)စာစစ်ဌာနတွင် ဖြေဆိုခွင့်လျှောက်ထားသူ ကျောင်းသား/ကျောင်းသူ(၃၁၈)ဦးအနက်မှ ယနေ့ဖြေဆိုသော မြန်မာစာနေ့တွင် (၃၇)ဦး‌ ဖြေဆိုရန်ပျက်ကွက်သဖြင့် ကျောင်းသား/ကျောင်းသူ (၂၈၁)ဦးတို့က အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မော်လမြိုင်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ(၁၅၄၃)ဦး ဝင်ရောက်ဖြေဆို
Mar 08,2023
မော်လမြိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)၊ အ.ထ.က (၇)၊ အ.ထ.က(၁၁)၊ အ.ထ.က ရွှေနတ်တောင်၊ အ.ထ.က(၁၂)၊ စာစစ်ဌာန ၅ ခုတွင် မတ်လ ၈ ရက်နေ့ နံနက်ပိုင်းမှစ၍ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။