လှည်းကူး မတ် ၈
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမြန်မာသာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတွင် စတင်ဖြေဆိုလျက်ရှိသည်။
အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲတွင် လှည်းကူးမြိုနယ်အတွင်းရှိ စာစစ်ဌာန(၇)ဖြစ်သော အ.ထ.က(လှည်းကူး)၊ အ.ထ.က(ဖောင်ကြီး)၊ အ.ထ.က(အင်းတိုင်)၊ အ.ထ.က(ရဲမွန်)၊ အ.ထ.က(ငါးဆူတောင်)၊ အ.ထ.က(ဒါးပိန်)၊ အ.ထ.က(မင်းကုန်း)တို့တွင် စာရင်းရှိကျောင်းသား(၄၈၉)ဦး၊ ကျောင်းသူ(၆၁၆)ဦး စုစုပေါင်း(၁၁၀၅)ဦးဖြစ်ပြီး ကျောင်းတွင်း/ပြင်ပဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၄၃၄)ဦး၊ ကျောင်းသူ(၅၆၈)ဦး စုစုပေါင်း(၁၀၀၂)ဦး၊ ပျက်ကွက်ကျောင်းသား(၅၅)ဦး၊ ကျောင်းသူ(၄၈)ဦး၊ ဖြေဆိုသူရာခိုင်နှုန်း(၉၀.၆၈)ရာနှုန်းတို့က အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
ကျောင်းသား၊ ကျောင်းသူများစာမေးပွဲကို စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်စီမံအဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များကစာစစ်ဌာနများတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)