သတင်းများ

စဉ့်ကူးမြို့ စာစစ်ဌာန (၂)ခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ စာစစ်ဌာန(၂)တွင် ယနေ့မတ်လ ၈ ရက်နေ့နံနက် ၉ နာရီ အချိန်မှစ၍ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာဘာသာကို အေးချမ်းစွာဖြေဆိုလျက်ရှိသည်။
တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂- ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စတင်ဖြေဆို
Mar 08,2023
 ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖြေဆိုလျက်ရှိရာ တောင်ပြိုလက်ဝဲမြို့ စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများအေး ချမ်းစွာဖြင့်ဝင်ရောက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာ(ပထမ)နေ့စတင်ဖြေဆို
Mar 08,2023
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို အ.ထ.က (မယ်စဲ့)စာစစ်ဌာန၌ ယနေ့နံနက် ၉ နာရီမှ စတင်ကျင်းပလျက်ရှိရာ မြန်မာစာဘာသာ (ပထမနေ့)ကို ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးလက်ရေရရှိရေးလုပ်ငန်းများ လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုကျင်းပ
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တက္ကသိုလ် ဝင်စာမေးပွဲကို စာစစ်ဌာန (၂) ခုဖြင့် ဖွင့်လှစ်ထားရှိရာမတ်လ ၈ ရက် နံနက်  ၉ နာရီအချိန်က အေးချမ်းစွာစတင်ဖြေဆိုကျင်းပလျက်ရှိသည်။
ချီဖွေမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်
Mar 08,2023
ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး မီးဘေးအန္တရာယ်ကင်းရှင်းအတွက် ကြိုတင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ယမန်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါသည်။
ကျုံပျော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (၅၇၂)ဦး ဝင်ရောက်ဖြေဆို
Mar 08,2023
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် စာစစ်ဌာန (၁၀) ခုဖြင့် မတ်လ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်စစ်ဆေးရာ မြန်မာစာဖြေဆိုသည့်နေ့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၇၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။
ပူတာအိုမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယနေ့ နံနက်ပိုင်းမှစတင်ဖြေဆိုလျက်ရှိရာ ကျောင်းသူကျောင်းသားများ ပထမနေ့တွင် မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိသည်။