ဝန်းသို မတ် ၈
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကြီးကို ယနေ့ နံနက် ၉ နာရီအချိန်၌ နိုင်ငံတစ်ဝန်း စတင် ကျင်းပလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်ရှိ အ.ထ.က-ဝန်းသို စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အပြင်ဖြေဆိုသူ ကျောင်းသား၊ ကျောင်း သူစုစုပေါင်း (၁၅၀) ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။
ဝန်းသိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ ကျား (၆၄) ဦး၊ မ (၁၁၅) ဦး စုစုပေါင်း (၁၇၉) ဦးရှိပြီး ယနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ ကျား (၅၄) ဦး ၊ မ (၉၆) ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ ပျက်ကွက်သူကျား (၁၀)ဦး၊ မ(၁၉)ဦး စုစုပေါင်း (၂၉) ဦး ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေချိန်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုလျော့နည်းမှုဖြစ်စဉ်များ မဖြစ်ပွား စေရေး၊ သွားလာရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် စာစစ်ဌာနမီးဘေးအန္တရာယ်လုံခြုံစေရေးတို့ အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုမြင့်နှင့် ဆရာ ကြီး၊ ဆရာမကြီးများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း