ကော့သောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ကော့သောင်း မတ် ၈

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင်နက်တည်း ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီ အချိန်တွင် ကော့သောင်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကော့သောင်းမြို့နယ်တွင် အ.ထ.က(၁) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၆၇) ဦး၊ အ.ထ.က (၂) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၁၄၉) ဦး၊ အ.ထ.က ခမောက်ကြီးစာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ (၂၆)ဦး စုစုပေါင်း (၂၄၂) ဦးတို့ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်ပေါ်စေရေးနှင့် စာမေးပွဲဖြေဆိုမှုကို အနှောက်အယှက် မဖြစ်စေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက စာစစ်ဌာန အသီးသီး၌ လိုအပ်ချက်များကိုပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)