မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

မြောက်ဦး  မတ်  ၈

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်အား ယနေ့ နံနက် ၉ နာရီကစတင်ကာ မြန်မာတစ် နိုင်ငံ လုံးတွင် တစ်ပြိုင်နက်တည်း ဖြေဆိုလျက်ရှိရာ မြောက်ဦးမြို့နယ်အတွင်းစာ စစ်ဌာန(၃)ခု၌ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၈၇၆)ဦးတို့က တည်ငြိမ်အေးချမ်းစွာ ဝင်ရောက်ဆိုလျက်ရှိကြောင်း သိရသည်။

ထို့နောက် ကျောင်းသား၊ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနိုင်ရန်အတွက် မြို့နယ်အ ဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များမှအတွင်းစည်း၊ အပြင်စည်းများဖြင့် ဝိုင်းဝန်းကူညီစောင့် ရှောက်ပေးလျှက်ရှိသည်။ မြောက်ဦးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၆၉)ဦးရှိပြီး အ.ထ.က(၁)စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုသူ (၃၈၈)ဦး၊ အထက-၂ စာစစ်ဌာနတွင်(၃၇၂)ဦး၊ အထက-မြောင်းဘွေ စာစစ်ဌာနတွင် (၁၁၆)ဦး၊ စုစုပေါင်းစာစစ်ဌာန(၃) မှ ဝင်ရောက်ဖြေဆိုသူ(၈၇၆)ဦး၊ ပျက်ကွက် (၉၃) ကြောင်း ၊ စာစစ်ဌာန (၃) ခုတွင် ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ ရာခိုင်နှုန်း (၉၀.၄၀) ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ (၉.၆၀) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင် (ပြန်/ဆက်)