သတင်းများ

ကျွန်းစုမြို့တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ကျောင်းသား/သူများဖြေဆို
Mar 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ယနေ့နံနက်(၉)နာရီ အချိန်မှစ၍ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းစု) စာစစ်ဌာန၌ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင်တည်းကျင်းပလျက်ရှိရာ အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
၂၀၂၂-၂၀၂၃ ပညာ သင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးတစ်ပြိုင် တည်းကျင်းပလျက်ရှိရာ ယနေ့ နံနက် ၉ နာရီအချိန်တွင်အမ်းမြို့နယ်ရှိ စာစစ်ဌာနများ၌  ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာစာမေးပွဲစတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မောက်မယ်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲယနေ့တွင် စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မောက်မယ်စာစစ်ဌာနမှ ကျောင်းသားကျောင်းသူများ ယနေ့နံနက် ၉ နာရီက အေးချမ်းစွာစတင်လာ ရောက်ဖြေဆိုကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ စတင်ဖြေဆို
Mar 08,2023
၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ စစ်ကိုင်းမြို့ရှိ စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။
တနင်္သာရီမြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ (မြန်မာစာ)စတင်ဖြေဆို
Mar 08,2023
၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊ အ-ထ-က တနင်္သာရီ စာစစ်ဌာနတွင် မတ်လ(၈)ရက် နံနက် ၉ နာရီအချိန်မှစ၍ တက္ကသိုလ်ဝင်တန်း ကျောင်းသူ/သားများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ အေးချမ်းစွာစတင်ဖြေဆိုခဲ့ကြသည်။
ရိုးရာယဉ်ကျေးမှု အမွေအနှစ်မှ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုအဖြစ်  ထင်ရှားလာသော မြန်မာ့သနပ်ခါး
Mar 08,2023
ကမ္ဘာ့ယဉ်ကျေးမှု အဖွဲ့အစည်း တစ်ခုဖြစ်သော ယူနက်စကို (UNESCO) ကုလသမဂ္ဂ ပညာရေး သိပ္ပံပညာနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့က အသိအမှတ်ပြု၍ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာသော ရိုးရာယဉ်ကျေးမှုအမွေအနှစ် မြန်မာ့သနပ်ခါးသည် စွယ်စုံသုံး ပစ္စည်းတစ်မျိုးဖြစ်ပြီး ကလေးကအစ အဘိုး အဘွားများအထိ လိမ်းကြံခြယ်သ အသုံးပြုခဲ့ကြသည်။
မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စာစစ်ဌာနအသီးသီး၌ စတင်ဖြေဆို
Mar 08,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမနေ့ (မြန်မာစာဘာသာရပ်) ကို စာစစ်ဌာနအသီးသီး၌ ယနေ့ နံနက် ၉ နာရီက ကိုဗစ်စည်းကမ်းချက်များနှင့် အညီ ကျောင်းသား၊ ကျောင်းသူ များ တည်ငြိမ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ စိမ်းစားသီးများ စျေးကောင်းရရှိ
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့ပေါ်ရပ်ကွက်များတွင်သာ အများအပြားထွက်ရှိပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ နှစ်စဥ် ဖေဖော်ဝါရီလခန့်မှ စတင်ကာထွက်ပေါ်လေ့ရှိသော ပန်းတောင်းစိမ်းစားသီးသည် ပြည်ဒေသတဝိုက်တွင်သာမက ၄င်းစိမ်းစားသီး ရောက်ရှိဘူးသည့် အရပ်ဒေသအတော်များများတွင် နာမည်ကြီး၍စျေးကောင်းရရှိကာရောင်းချလျက်ရှိကြောင်း သိရသည်။