သတင်းများ

ပဲခူးမြို့တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမးပွဲ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် အ.ထ.က(၁) စာစစ်ဌာန၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား/ ကျောင်းသူ(၁၁၉၅)ဦး အေးချမ်းစွာဖြေဆိုလျက်ရှိပြီး ဖြေဆိုမှု ရာခိုင်နှုန်း ၈၉ ဒသမ ၁၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အင်းစိန်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Mar 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အဆင်ပြေစွာ ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက်ပိုင်း အချိန်က အ.ထ.က(ခိုလမ်)စာစစ်ဌာန၌ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကရာတေးသင်တန်းဖွင့်လှစ်
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွဲ့စည်းထားသော Youth Club အဖွဲ့ နှင့် ပူးပေါင်းပြီး နွေရာသီအားကစားသင်တန်းများမှ ကရာတေးသင်တန်း ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကြည့်ရှုအားပေး
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စာစစ်ဌာနတွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ) ဖြေဆိုသော ကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၁)ခုသို့ လိုက်လံကြည့်ရှုအားပေးခဲ့သည်။
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုနှင့် စာစစ်ဌာနများအားကြည့်ရှု့စစ်ဆေး
Mar 08,2023
 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့် မြို့ပေါ်စာစစ်ဌာန(၁)ခု၊ ကျေးရွာစာစစ်ဌာန (၆)ခုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ယနေ့နံနက် ၈ နာရီအချိန်က လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
သရက်မြို့၌ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို မိမိတို့စာစစ်ဌာနအလိုက် အတွင်းဖြေ၊ အပြင်ဖြေ ကျောင်းသား/ ကျောင်းသူများအနေဖြင့် ယနေ့နံနက်(၉)နာရီက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။
ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို
Mar 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ (ပထမ)နေ့ မြန်မာစာဘာသာကို ယနေ့ နံနက်(၉)နာရီအချိန်မှ စ၍ သတ်မှတ်စာစစ်ဌာန (၁၃) ခုတို့၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိ​သည်။