သတင်းများ

၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆိုရာ မြို့သစ်မြို့နယ်မှ ဖြေဆိုသူ(၈၀၃)ဦးရှိ
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဖြေဆိုခြင်းကို မြို့သစ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ အ.ထ.က ဝါးကြီးအိုင်တို့၌ ကျင်းပသည်။ 
သနပ်ပင်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်အား ကျောင်းသား/ ကျောင်းသူများ စတင်ဖြေဆို
Mar 08,2023
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စတင်ဖြေဆိုရာ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အ-ထ-က(သနပ်ပင်)စာစစ်ဌာန၌ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက အေးချမ်းစွာ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်း‌ခေးစာစစ်ဌာန၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို
Mar 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ လင်း‌ခေး-အ.ထ.က စာစစ်ဌာနတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ နံနက်၉နာရီတွင် မြန်မာစာ ဘာသာရပ်ကိုစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၀၃ ဦး၊ ၉၁ ဒဿမ ၅၈ ရာခိုင်နှုန်း ဖြေဆို
Mar 08,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင် နှစ်တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှ စတင် ဖြေဆိုလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို   ကျောင်းသား/ကျောင်းသူ (၇၃၈)ဦး ဝင်ရောက်ဖြေဆို
Mar 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန(၃)ခုတွင် ကျင်းပခဲ့ရာ ပထမနေအဖြစ် မြန်မာစာဘာသာကို ဝင်ရောက်ဖြေဆိုသူပေါင်း (၇၃၈) ဦးရှိကာ ဖြေဆိုသည့်ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာစတင်ဖြေဆို
Mar 08,2023
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈) ရက်မှ စတင်ဖြေဆိုလျက်ရှိရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ အ.ထ.က(ဘောလခဲ)စာစစ်ဌာန၌ ကျောင်းသား/သူများ စာဖြေဆိုနေမှုအား ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး
Mar 08,2023
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် ၂၀၂၃ ခုနှစ် အခြေခံပညာအထက်တန်းကျောင်း(ဘောလခဲ) စာစစ်ဌာန၏ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုအား ဘောလခဲခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ဇီးကုန်းမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲများ စတင်ဖြေဆို
Mar 08,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနနှစ်ခု၌ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။