ငါန်းဇွန် မတ် ၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယနေ့နံနက် ၉နာရီမှစတင်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂)ခုတွင် စတင်ဖြေဆိုကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ်တွင် ၂၀၂၃.ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာ စာစစ်ဌာန(၂)ခုဖြစ်သည့် အ.ထ.က (ငါန်းဇွန်) စာစစ်ဌာန၌ ဖြေဆိုသူ (၁၉၉)ဦးနှင့် အ.ထ.က(ဂျို)စာစစ်ဌာန၌ ဖြေဆိုသူ(၄၂)ဦး၊ မြို့နယ်အတွင်း စုစုပေါင်း ဖြေဆိုသူကျောင်းသားကျောင်းသူ (၂၄၁)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ထိုသို့ဖြေဆိုရာတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)