Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပူတာအိုမြို့နယ်၌ Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
Sep 25,2020
နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan(CERP)အရ ကျေးလက်ဒေသနေ မိသားစုများ၀င်ငွေလျော့နည်းလာမှုနှင့် စား၀တ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်း၀န်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash For Workစီမံကိန်းဖြင့် ကျေးရွာငါးရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၁) စု အတွက် ထောက်ပံ့ငွေများပေးအပ်
Sep 25,2020
ချင်းပြည်နယ်၊ တီးတိန်မြို့၌ စက်တင်ဘာ ၁၅-၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူးဦးဇော်လင်းထွေးက ယမန်နေ့ နံနက် ၁ နာရီ တွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာ-တရုတ် အကျိုးတူလူမှုကူညီရေးအသင်း(မုံးကိုး)မှ အခြေခံလူတန်းစားအိမ်ထောင်စု(၁၉)စုအတွက် စားသောက်ကုန်များ ထောက်ပံ့
Sep 25,2020
မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၉)စုအတွက် မြန်မာ-တရုတ်အကျိုးတူ လူမှုကူညီရေးအသင်း(မုံးကိုး)က ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲစည်းနှင့် အခြားစားသောက်ကုန် များကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က အိမ်တိုင်ရာအရောက်ထောက်ပံ့ပေးအပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 24,2020
မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမ၌ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးသတိပေးချက်များနှင့်အညီ ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ အား ကျန်းမာရေးအသိပညာများရရှိစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကျန်းမာရေးသတိပေးချက်များနှင့်အညီ ထန်ပါခွေမြို့ပေါ်ရပ်ကွက်ရှိ ဈေးဆိုင် များအား ဌာနဆိုင်ရာများမှ ပူးပေါင်း၍ အသိ ပညာပေးခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက စတင်၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှားတောမြို့၌ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး
Sep 24,2020
ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချမှုမရှိစေရေး နှင့် Take-away စနစ်ဖြင့်သာ ဝယ်ယူစားသောက်ရေး လိုက်လံစစ်ဆေး အသိပညာပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်အတွင်း တာဝန်ထမ်းဆောင်မည့် ရွေးကောက်ပွဲ အထူးရဲများကို ခန့်အပ်လွှာများပေး
Sep 24,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲရုံများ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများကို ယနေ့ နံနက် ၁၀ နာရီက မံစီမြို့မ ရဲစခန်း ရဲမ္ဓာရုံ၌ ခန့်အပ်လွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန်ပက်လက်၌ ခရီးသွားထောက်ခံချက်များ ယူဆောင်လာခြင်းမရှိပါက မြို့အတွင်း ဝင်ခွင့်ကန့်သတ်တော့မည်
Sep 24,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ခရီးသွားထောက်ခံချက်များ ယူဆောင်လာခြင်း မရှိပါက မြို့အဝင်ဂိတ်မှ မြို့အတွင်းသို့ ဝင်ရောက်ခွင့် ကန့်သတ်တော့မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
174
Page
175
Page
176
Page
177
Current page
178
Page
179
Page
180
Page
181
Page
182
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department