ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 24,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ကျင်းပကြောင်း သိရသည်။
Sep 24,2020
ကယားပြည်နယ် ဖရူဆိုမြို့နယ် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့ နံနက်က ကျေးတော်ခူကျေးရွာအုပ်စုနှင့် မာခရော်ရှေ့ကျေးရွာအုပ်စုတို့တွင် အသိ ပညာပေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 23,2020
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၃၀၀၊ အနံပေ ၂၀၀ ရှိ မာလ်ဆောမ်ကျေးရွာဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျ ပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘောလုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။
Sep 23,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သည့် တတိယအကြိမ်ထောက်ပံ့ငွေများကို စက်တင်ဘာ ၂၃ ရက်က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်နှစ်ခု၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။
Sep 23,2020
နိုင်ငံတစ်ဝန်းရှိ အသက်(၉)နှစ်မှ (၁၀)အတွင်း မိန်းကလေးငယ်များအား အိတ်ချ်ပီဗီ (သား အိမ်ခေါင်း ကင်ဆာ) ကာကွယ်ဆေး စတင်ထည့်သွင်း ထိုးနှံမည့်ရက်ကို ကိုဗစ်-၁၉ရောဂါကြောင့် ယာယီ ရက်ရွေ့ဆိုင်း ထားကြောင်း ကျန်းမာရေးဌာနမှ သိရသည်။
Sep 23,2020
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ကျင်းပ သည်။
Sep 23,2020
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကုန်စုံဆိုင် များအား မွန်းတည့် ၁၂ နာရီနောက်ပိုင်း ရောင်းချခြင်း ရှိ/မရှိ ပထမအကြိမ် ရှောင်တခင်စစ်ဆေးခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ရှောင်တခင် စစ်ဆေးကြသည်။
Sep 23,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်‌ရေးကော်မတီဝင် ဌာနဆိုင်ရာများ ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask)တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေး လုပ်ငန်း ဆက်လက်ဆောင်ရွက်လျက်ရှိရာ ဈေးတွင်းဝင်ထွက်သွားလာသူများ၊ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ ယခင်ကထက် နှာခေါင်းစည်း (Mask) ပိုမိုတပ်ဆင်အသုံးပြုလျက်ရှိကြောင်း သိရသည်။