ကန်ပက်လက် စက်တင်ဘာ ၂၅
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင် များကို Take Away စနစ်ဖြင့််ရောင်းချစေကြောင်း သိရသည်။
မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ အတည်ပြုလူနာ (၃)ဦးတွေ့ရှိထားရာမှ မင်းတပ်မြို့နှင့် အနီးဆုံးမြို့ဖြစ်သည့် ကန်ပက်လက် မြို့တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် ဆောင်ရွက်ကြရခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့အဝင်အထွက်ဂိတ်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တစ်နေ့(၃)ကြိမ် မြို့တွင်းလှည့်လည်ဆော်သြပေးခြင်း၊ ကိုဗစ်-၁၉ ကာလ ကုန်စည်စီးဆင်းမှု မပြတ်စေရန် ဆောင်ရွက်ခြင်းနှင့် Positive လူနာတွေ့ရှိရသည့် မြိများမှလာရောက်သူများကို Facility Quarantine ထားရှိခြင်းများကို ဆောင်ရွက် လျက်ရှိကြကြောင်း သိရသည်။
ကိုလိန်း(ပြန်/ဆက်)