Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ပေါက်မြို့ စာစစ်ဌာန၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို
Mar 12,2026
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့ အ.ထ.က စာစစ်စာဌာနတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက်ပိုင်းမှ စတင်ဖြေဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြတ်မော်တင်စွန်းစေတီတော်ကုန်းမြေအောက်ခြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအာကြည့်ရှုစစ်ဆေး
Feb 18,2026
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြတ်မော်တင်စွန်းစေတီတော် ကုန်းမြေအောက်ခြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် ဆောင်ရွက်ထားသည့် ကျောက်စီလှိုင်းကာအား ယခုလ (၁၅) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ကျောက်စီလှိုင်းကာ အလျား ၄၅၇ ပေ ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ရေဆင်းမြောင်းများ ဆောင်ရွက်သင့်သည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က စေတီတော်ကြီးတည်ထားရာကုန်းမြေအား ပင်လယ်ရေလှိုင်းရိုက်ခတ်မှုမှကာကွယ်ရန် လိုအပ်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ အ.လ.က (၁၀)၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနဖြင့်ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့ ညနေပိုင်းက အမှတ်(၁၀) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့၌ ရွေးကောက်ပွဲနှိုးဆော်ရေး “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 04,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အပိုင်း(၂)တွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေး ရွေးကောက်ပွဲနှိုးဆော်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီက မချမ်းဘောမြို့မစျေးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 04,2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အတွက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ယမန်နေ့နံနက် ၉ နာရီချိန်က အမှတ် (၁) ရပ်ကွက် မြို့မဈေးနှင့် မိုင်းနားကျေးရွာ ရှိဗလမင်းထင် မြို့အ၀င်အထွက်ဂိတ်များတွင် ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မချမ်းဘောမြို့ကျောက်နဂါးအောင်တော်မူအေးစေတီတော်မြတ်ကြီးတွင်အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ အောင်ပွဲကျင်းပ
Nov 28,2025
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘောမြို့ကျောက်နဂါးကုန်းတော်ပေါ်ရှိ အောင်တော်မူအေးစေတီတော်မြတ်ကြီး၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းကျမ်းသိမ်းအောင်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲကို ယနေ့နံနက် ၁၀ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လေရှီးမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံ
Nov 18,2025
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၀ ရက် နံနက်(၉)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ဦးခင်မောင်အေးနှင့် နာဂဒေသဦးစီးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းတို့က ဌာနဆိုင်ရာများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ လဟယ်မြို့တွင်မျိုးဆက်သစ်ရတနာဥယျာဉ်ကျောင်း၊ သူရမာလာကျောင်းဆောင်သစ်ကြီးရေစက်ချအလှူတာ်မင်္ဂလာကျင်းပ
Oct 21,2025
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မျိုးဆက်သစ်ရတနာဥယျာဉ်ကျောင်း သူရမာလာကျောင်းဆောင်သစ်ကြီးရေစက်ချအလှူ တော်မင်္ဂလာအခမ်းအနားပွဲကို အောက်တိုဘာ ၁၉ နံနက်ပိုင်းက လဟယ်မြို့ မြို့မရပ်ကွက်ရှိအဆိုပါကျောင်းဆောင်သစ်၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
Current page
1
Page
2
Page
3
Page
4
Page
5
Page
6
Page
7
Page
8
Page
9
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department