ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 25,2020
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား စိစစ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်လာရောက်သည့် ကလေးမြို့မှ Case-1975 နှင့် ခရီးစဉ်တစ်ခုတည်း လိုက်ပါစီးနင်းခဲ့ပြီး ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာသူအား စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိသားစုဝင်(၁၁) ဦးနှင့်အတူ ဟားခါးတက္ကသိုလ် Facility Quarantine Centre တွင် ၁၄ ရက် အသွားအလာ ကန့်သတ်ထားရှိပြီး Swab နမူနာ (၂) ကြိမ်စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
Sep 25,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၄၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်နေ့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
Sep 25,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ကိုယ်စား မြို့နယ်အုပ် ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2020
မင်းတပ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစုများအား မင်းတပ်ခရိုင်ရဲတပ်ဖွဲ့ မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ခြေခံစားသောက်ကုန်(၃)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2020
ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က ထောက်ပံ့ပေးအပ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
Sep 25,2020
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့အတွင်း လှည့်လည်နှိုးဆော် ဆောင်ရွက်ပေး လျက်ရှိသည်။
Sep 25,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် စက်တင်ဘာ ၂၁ နေ့မှ လကုန်အထိ အငြိမ်းစား ပင်စင်လစာများကို စနစ်တကျ ထုတ်ပေးလျက်ရှိသည်။