ဝေးလံခေါင်ဖျားဒေသသတင်းများ

Sep 23,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ ကောင်ရာရပ်ကွက်နှင့် ဂါးရာယန်ကျေးရွာအတွင်းရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (Quarantine Center)များ၌ အသွားအလာကန့်သတ် စောင့်ကြည့်မှု ခံယူနေသည့် နေရပ်ပြန်ပြည်သူများအား နေရေးထိုင်ရေး အဆင်ပြေမှု ရှိ/မရှိကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Sep 23,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် ဦးဆောင်လျက် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် မြို့အဝင် လိုင်ပေါင်းလုံ စစ်ဆေးရေးဂိတ်တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားပြည်သူများအား မိမိခရီးစတင် ထွက်ခွာလာသည့်​ ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်း ရယူခြင်းများနှင့် ခရီးသွားရာဇဝင် စိစစ်ခြင်းတို့ကို နေ့စဉ် ကြပ်မတ်ဆောင်ရွက် လျက်ရှိရာ ပြည်ပနိုင်ငံများနှင့်ပြည်တွင်းမှ နေရပ်ပြန်လာသူ (၈)ဦးတို့အား ထန်တလန်မြို့အမှတ် (၃ )ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၌ အသွားအလာ ကန့်သတ်စောင့်ကြည့်နိုင်ရန် Facility Quarantine (၂၁) ရက် ထားရှိကြောင်း သိရသည်။
Sep 23,2020
မင်းတပ်မြို့တွင် ပိုးတွေ့လူနာသုံးဦးနှင့် ထိတွေ့ဆက်စပ်ထားသူ(၁၀၁) ဦးအား ယမန်နေ့ မှစတင်၍ Facility Quarantine Centre (၄) ခုတွင် ထားရှိထားကြောင်း သိရသည်။
Sep 23,2020
မင်းတပ်မြို့အတွင်း စားသောက်ကုန်များ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်ခြင်း မရှိစေရေးတို့အတွက် မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကုန်သည်ကြီးများ၊ စျေးရောင်းချသူများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့စည်ပင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Sep 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကိုဗစ်−၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ များကို မြောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ပေးအပ်လျက် ရှိကြောင်း သိရသည်။
Sep 23,2020
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက် နှင့်အညီ ရိခေါ်ဒါရ်မြို့တွင်းရှိ လမ်းဦးစီးဌာနပိုင် လမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာတွင်း လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ လမ်းဦးစီးဌာန တာဝန်ခံ ဒေါ်မိုင်မာလာ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 23,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင်‌ ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော (စာရေးဝန်ထမ်း) ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ချီးမြှင့် ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇမခန်း၌ ကျင်းပခဲ့သည်။