မိုင်းလုံ စက်တင်ဘာ ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ ကန့်ကန်ကျေးရွာအုပ်စု ကန့်ကန်ကျေးရွာတွင် လူမှုဝန်ထမ်း ဦးစီးဌာန၏ (MCCT) အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းကို ယမန်နေ့မွန်းလွဲ (၃)နာရီခန့်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အုပ်ချုပ်ရေးမှူးဦးစိုင်းစံဆာ နှင့်အဖွဲ့ဝင်များက ဦးဆောင်၍ ကန့်ကန်ကျေးရွာအတွင်း ကိုယ်ဝန်ဆောင်မိခင်(၆)ဦးနှင့် အသက်(၂)နှစ်အောက် ကလေးငယ်(၁)ဦး စုစုပေါင်း(၇)ဦးအတွက် တစ်ဦးလျှင်ကျပ် (၁၅၀၀၀/-)နှုန်းဖြင့်ဧပြီလမှ စက်တင်ဘာလအထိ (၆)လစာကျပ်(၆၃၀၀၀၀/-)ကို ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။
စန္ဒာ(မိုင်းလုံ၊ပြန်/ဆက်)