မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်

မတူပီ စက်တင်ဘာ ၂၅

ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း များအား ထောက်ပံ့ငွေများ ထပ်ဆင့်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်က ရပ်ကွက်/ကျေးရွာ စာရေးများအနေဖြင့် ရုံးဖွင့်ရက်များ တွင်သာမက (စနေ၊ တနင်္ဂနွေ) ရုံးပိတ်ရက်များတွင်လည်း လုပ်ငန်းလိုအပ်ချက်အရ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်မှုအပေါ် အသိအမှတ်ပြုသော အားဖြင့် နိုင်ငံတော်မှ ၂၀၁၉၂၀၂ ဘဏ္ဍာရေးနှစ် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း အစိုးရရုံးပိတ်ရက် (၁၉)ရက်စာအတွက် ထောက်ပံ့ ပေးအပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရပ်ကွက်/ကျေးရွာ စာရေးဝန်ထမ်း(၇၂)ဦးအား နိုင်ငံတော်မှ တစ်ရက်လျှင် နေ့တွက်စရိတ် (၄၈၀၀/−) ကျပ်နှုန်းဖြင့် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀/−)စီအား ထောက်ပံ့ပေးအပ်ခဲ့ရာ စာရေး ဝန်ထမ်းများက အသီးသီး လက်ခံရယူခဲ့ကြပြီး စုစုပေါင်း ထောက်ပံ့ငွေကျပ်(၆၅၆၆၄၀၀/−)ကို ဂုဏ်ပြုထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)