Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
တနိုင်းမြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် လမ်းသားပျက်စီးမှုများဖြစ်ပွား
Sep 25,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့နံနက် ၃ နာရီအချိန်မှစတင်၍ မိုးများအဆက် မပြတ်ရွာသွန်းမှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း နန်ဖြတ်ယန်ကျေးရွာအနီး မိုင်တိုင် Km-112+500ရှိ အန်ဂိုးပိုက်အား ရေတိုက်စားခြင်းကြောင့် လမ်းသားပျက်စီးသွားသဖြင့် ယာဉ်များသွားလာမှု ပြတ်တောက် လျက်ရှိပြီး တိန်ကောက်ကျေးရွာအဝင် Km 108+500တွင်လည်း လမ်းပေါ် အနက်(၃)ပေခန့်၊ အရှည်ပေ(၇၀) ခန့် ရေကျော်နေ၍ ယာဉ်များသွားလာမရသဖြင့် ယာဉ်များသွားလာနိုင်ရေး ဆောင်ရွက်ရန် တနိုင်းမြို့နယ် လမ်းဦးစီးဌာနမှ Loderယာဉ်၊ မြေသယ်ယာဉ်များ စတင်စေလွှတ်ထားရှိပြီး ယာဉ်များသွားလာမှု ပြတ်တောက်မှု မရှိစေရေး ပျက်စီးသွားသော လမ်းပိုင်းအား အမြန်ပြုပြင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ မြို့ဝင်မြို့ထွက်နေရာများရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် မြို့နယ်စည်ပင်သာယာစျေး ဆောင်ရွက် ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Sep 25,2020
ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီအဖွဲ့ဝင် များသည် ထန်တလန်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ် နိုင်စေရေးအတွက် မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်နေရာ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် မြို့နယ်စည်ပင်သာယာစျေးများအား သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီက သွားရောက်စစ်ဆေး ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၁၂) ဦးအား Swab နမူနာ (၂) ကြိမ်စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်
Sep 25,2020
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား စိစစ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်လာရောက်သည့် ကလေးမြို့မှ Case-1975 နှင့် ခရီးစဉ်တစ်ခုတည်း လိုက်ပါစီးနင်းခဲ့ပြီး ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာသူအား စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိသားစုဝင်(၁၁) ဦးနှင့်အတူ ဟားခါးတက္ကသိုလ် Facility Quarantine Centre တွင် ၁၄ ရက် အသွားအလာ ကန့်သတ်ထားရှိပြီး Swab နမူနာ (၂) ကြိမ်စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁၆၈) စုအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်
Sep 25,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၄၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်နေ့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှု (၈၅) ရာခိုင်နှုန်းပြီးစီး
Sep 25,2020
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စု ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၃၈၆.၃၉၅)သန်းဖြင့် (ရီးဗားမြစ်သာကုမ္ပဏီ)က တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ အခြေခံပညာ အထက်တန်းကျောင်းဆောင် RC နှစ်ထပ်ဆောင်တည်ဆောက်မှုမှာ (၈၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ မသန်စွမ်းသူများအား ထောက်ပံ့ကြေးပေးအပ်
Sep 25,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၌ ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ကိုယ်စား မြို့နယ်အုပ် ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်က မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်၌ မင်းတပ်မြို့နယ်ရှိ ရဲတပ်ဖွဲ့ဝင် မိသားစုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Sep 25,2020
မင်းတပ်မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်မိသားစုများအား မင်းတပ်ခရိုင်ရဲတပ်ဖွဲ့ မိသားစု စည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ခြေခံစားသောက်ကုန်(၃)မျိုး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများပေးအပ်
Sep 25,2020
ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရပ်ကွက်၊ ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်) မှ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က ထောက်ပံ့ပေးအပ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
172
Page
173
Page
174
Page
175
Current page
176
Page
177
Page
178
Page
179
Page
180
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department