Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မင်းတပ်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ထိတွေ့ထားသူ (၁၀၁)ဦးအား Facility Quarantine ဆောင်ရွက်ထားရှိ
Sep 23,2020
မင်းတပ်မြို့တွင် ပိုးတွေ့လူနာသုံးဦးနှင့် ထိတွေ့ဆက်စပ်ထားသူ(၁၀၁) ဦးအား ယမန်နေ့ မှစတင်၍ Facility Quarantine Centre (၄) ခုတွင် ထားရှိထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့အတွင်း စားသောက်ကုန်များ ပြတ်လပ်မှုမရှိစေရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် စျေးရောင်းချ သူများ တွေ့ဆုံဆွေးနွေး
Sep 23,2020
မင်းတပ်မြို့အတွင်း စားသောက်ကုန်များ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်ခြင်း မရှိစေရေးတို့အတွက် မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကုန်သည်ကြီးများ၊ စျေးရောင်းချသူများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့စည်ပင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့ရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၀၉) စု အတွက် အိမ်တိုင်ယာရောက် ထောက်ပံ့ ငွေများ ပေးအပ်
Sep 23,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကိုဗစ်−၁၉ ကာလအတွင်း ပုံမှန် ဝင်ငွေ မရှိသော အခြေခံ လူတန်းစားများအတွက် နိုင်ငံတော် အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့သည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် ထောက်ပံ့ငွေ များကို မြောက်ပိုင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်အောင်နှင့် တာဝန်ရှိသူတို့က ယနေ့ နံနက်ပိုင်းမှ စတင်ကာ လိုက်လံ ပေးအပ်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ရိခေါ်ဒါရ်မြို့၌ ကွင်းဆင်း ဆောင်ရွက်
Sep 23,2020
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက် နှင့်အညီ ရိခေါ်ဒါရ်မြို့တွင်းရှိ လမ်းဦးစီးဌာနပိုင် လမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာတွင်း လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ လမ်းဦးစီးဌာန တာဝန်ခံ ဒေါ်မိုင်မာလာ၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွန်းဇံမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Sep 23,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ်တွင် ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က သက်ဆိုင်ရာ အိမ်ထောင်စုများထံသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့အတွင်းရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး (စာရေးဝန်ထမ်း) များ အား နိုင်ငံတော်မှ ထောက်ပံ့ငွေပေးအပ်
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော (စာရေးဝန်ထမ်း) ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး များအား ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်မှုအား အသိအမှတ်ပြုသည့်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ချီးမြှင့် ခြင်းကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ကမ္ဘောဇမခန်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တီးတိန်၌ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးများအား ထောက်ပံ့ငွေပေးအပ်
Sep 23,2020
ချင်းပြည်နယ်၊တီးတိန်မြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံး၊ အတွင်းရေးမှူးများ ထောက်ပံ့ငွေ ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုမိန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေး အသိပညာပေးနှိုးဆော်
Sep 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်း မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ဟိုမိန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ် ရေးမှူး ဦးဆန်းဝင်း၏ လမ်းညွှန်မှုဖြင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင် များက မြို့ပေါ်ရပ်ကွက် ၃ ရပ်ကွက်တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
178
Page
179
Page
180
Page
181
Current page
182
Page
183
Page
184
Page
185
Page
186
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department