Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
မယ်စဲ့မြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်
Sep 24,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန် ထမ်းဆောင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ရုံးပိတ်ရက်များတွင် လုပ်ငန်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
နောင်မွန်မြို့နယ်၌ နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်
Sep 24,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀) အချိန်ခန့်က မြို့နယ်ထွေအုပ် လမ်းစုံ၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နှာခေါင်းစည်း (၅ဝဝ) ခုအခမဲ့ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်မြို့၌ Facility Quarantine နေထိုင်သူများအတွက် ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေ ထည့်ဝင်လှူဒါန်း
Sep 24,2020
မင်းတပ်မြို့၌ Facility Quarantine နေထိုင်သူ (၁၀၁)ဦးအတွက် ရေ/မီး၊ အိပ်ဆောင် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေ လာရောက်ထည့်ဝင် ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်တလန်မြို့၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်း ဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေးစီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 24,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)တို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားဖြင့် မီးဖိုဖြန့်ဖြူးရေး စီမံကိန်းမှ ရရှိသည့် ကျေးရွာလှုပ်ရှားမှု သီကီရ်းစံပြ ကျေးရွာအတွက် ရန်ပုံငွေ(၂၆၃၄၀၀၀၀)ကျပ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရိခေါ်ဒါရ်မြို့၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး
Sep 24,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ရပ်ကွက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံး၌ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးဝမြို့၌ အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအား ထောက်ပံ့ငွေပေးအပ်
Sep 24,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ၂၈၁၁ စုအတွက် ထောက်ပံ့ငွေများကို ယမန်နေ့က ရပ်ကွက်/ကျေးရွာအုပ်စု များသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်
Sep 24,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် ဂုဏ်ထူးရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အထကကျောင်း၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မတူပီမြို့၌ အထက(၂) ကျောင်းကို Quarantine Centre အဖြစ် ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်
Sep 24,2020
ချင်းပြည်နယ်၊ မတူပီမြို့၌ ကိုဗစ်−၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ ထပ်မံဖွင့်လှစ်မည့် Quarantine Centre ကို စန်ဘောင်ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ပြင်ဆင်ခြင်းလုပ်ငန်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများ၊ လိုအပ်သော အသုံးအဆောင်များ ဖြည့်တင်းခြင်း၊ ကျန်းမာရေး ဆောင်ရွက်ပေးရန် စီမံခြင်းလုပ်ငန်းများကို ကြိုတင်စီစဉ် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
175
Page
176
Page
177
Page
178
Current page
179
Page
180
Page
181
Page
182
Page
183
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department