တီးတိန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုဘေးသင့် အိမ်ထောင်စု (၁) စု အတွက် ထောက်ပံ့ငွေများပေးအပ်

တီးတိန် စက်တင်ဘာလ ၂၅

ချင်းပြည်နယ်၊ တီးတိန်မြို့၌ စက်တင်ဘာ ၁၅-၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့သည့် အိမ်ထောင်စု (၁)စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ် ဦးစီးမှူးဦးဇော်လင်းထွေးက ယမန်နေ့နံနက် ၁ နာရီ တွင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် နေအိမ်ဖြိုဖျက်ပြောင်းရွှေ့ခဲ့သည့် တီးတိန်မြို့ စကောလမ်းရပ်ကွက် နေဒေါ်ကျိန်ခေါလ်နွမ်း မိသားစုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၁၀၀၀၀၀/-) နှင့် (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ(၄၂၀၀/-)ကျပ် စုစုပေါင်းငွေကျပ် (၁၀၄၂၀၀/-) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုလဏ်း (ပြန်/ဆက်)