မင်းတပ် စက်တင်ဘာ ၂၅
ချင်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်း(၃)မျိုး လွှဲပြောင်း ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ခရိုင်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က ချင်းပြည်နယ် အစိုးအရဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် (PPE)ဝတ်စုံ(၆၀)စုံ၊ မျက်နှာအကာ(Face shield) (၆၀)ခုနှင့် (Mask)နှာခေါင်းစည်း (၄၀၀)ခုတို့အား မင်းတပ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအတွက် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင် များကလည်း အလှူငွေများ ထည့်ဝင်လှူဒါန်း လျက်ရှိကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)