Sep 19, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်စုပြည်နယ်နန်ကျင်းမြို့ရှိ ကျန်စုပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသို့ရောက်ရှိ၍ ကျန်စုပြည်နယ်ကျန်းမာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကျန်စုပြည်နယ်ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
Sep 19, 2023
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Sep 19, 2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ - တရုတ်နယ်စပ် လူဝင်/ထွက်ဂိတ်များမှ ခြောက်ညအိပ်ခုနစ်ရက် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ရက်ချိန်းပေးစနစ်ဖြင့် မိမိတို့၏ သတ်မှတ်ထားသည့်ရက်နှင့် သတ်မှတ်ဂိတ်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် မူဆယ် - နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 19, 2023
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာတိန့်ရှီးကျွင်းအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Sep 19, 2023
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့တွင် အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ်ခွာသွားပြီဖြစ်သည်။ ထို့အပြင် အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ စတင်ဆုတ်ခွာသွားနိုင်ပြီး စက်တင်ဘာလ ၂၆ ရက် နေ့မှ အောက်တိုဘာလ ၁ ရက်နေ့တွင် မြစ်ဝကျွန်းပေါ်ဒေသများမှဆုတ်ခွာသွားကာ ထိုအချိန်မှစ၍ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒမှ အသိပေးထုတ်ပြန်ထားသည်။
Sep 19, 2023
“ယဉ်ကျေးမှု” ဟူသည့် ဝေါဟာရ၏အနက်အဓိပ္ပာယ်မှာ လွန်စွာကျယ်ဝန်းနက်ရှိုင်းသည်။ ယဉ်ကျေးမှုသည် လူတစ်ဦးချင်းနှင့်ရော လူမျိုးတစ်မျိုးနှင့်ပါ သက်ဆိုင်သောအရာများလည်းဖြစ်သည်။ မိမိတို့သည် မွေးသည်မှအစ သေသည်အဆုံး ဘဝသက်တမ်းတစ်လျှောက်လုံးတွင် ယဉ်ကျေးမှုနှင့်အတူနေထိုင်နေကြခြင်းဖြစ်သည်။ ယဉ်ကျေးမှုသည် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ ဝိသေသလက္ခဏာဖြစ်ပြီး မတူကွဲပြားခြားနားမှုများဖြင့် မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုးဟူ၍ သိသာထင်ရှားစေသည်။ သို့ဖြစ်ရာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများ အသီးသီးရှိနေကြပြီး ကောင်းမွန်သည့်ယဉ်ကျေးမှုများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းခြင်း၊ အဆင့်အတန်း မြင့်သည်ထက်မြင့်အောင် မြှင့်တင်ခြင်းအားဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးကို ကမ္ဘာတွင် ထင်ရှားပေါ်လွင်လာအောင် ဆောင်ရွက်ကြမြဲဖြစ်သည်။
Sep 18, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Sep 18, 2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့မြို့တော်ခန်းမ၌ အခြေပြု၍ ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၆၈၅ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Sep 18, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ခိုင်ဝင်း ၊ ပြည်နယ်ဝန်ကြီးများ၊ "ဝ" ကိုယ်ပိုင်အုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တာဝန်ရှိသူတို့သည် စက်တင်ဘာ(၁၇)ရက် ညနေ(၃)နာရီခွဲက ကျိုင်းတုံမြို့နယ်၊ ဝမ်ဆိုင်းဒေသထွက် ထုတ်ကုန်လုပ်ငန်းတစ်ခုဖြစ်သော စီးပွားဖြစ်စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် သက်တန်းရင့်လ္ဘက်ပင်များအား သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲခရိုင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီးဂွမြို့နယ်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Sep 18, 2023
မြန်မာပြည်မြောက်ဖျား ပူတာအိုဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် ပူတာအိုမြို့၌ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပူတာအိုအခြေချစစ်ဗျူဟာမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက ပူတာအိုမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် တိုင်းခမ်းတီစာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးသည်။
Sep 18, 2023
ကယားပြည်နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
Sep 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သံတွဲခရိုင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုပြီး ဂွမြို့နယ်မှဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
Sep 18, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေလယ်ဝေးမြို့နယ် ရုံးတောကျေးရွာ၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်နေမှုနှင့် သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Sep 18, 2023
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးခွန် ရဲထွေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဘန့်ပိန်း (ချင်းကုန်း) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း၏ နောက်ဆက်တွဲ စာသင်ဝိုင်းများတွင် အခြေခံပညာ ဆရာဆရာမများက ဒေသခံများအား အခြေခံပညာရပ်များ သင်ကြား ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
Sep 18, 2023
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ဥပဒေရုံးအရာထမ်းအိမ်ရာ၊ မြောက်ဥက္ကလာပ မြို့နယ်ဥပဒေရုံးနှင့် စမ်းချောင်းမြို့နယ် ဥပဒေရုံးအဆောက်အအုံသစ် ဖွင့်ပွဲများသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။
Sep 18, 2023
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၈၁၄ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Sep 18, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မကွေးတိုင်းဒေသကြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ထောက်ရှာပင်-ထန်းကိုင်း-ရေနံမ ရေနံမြေ၊ မန်းရေနံမြေနှင့် မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၁) ရေနံဓာတ်ငွေ့ ရည်စက်ရုံ (မင်းဘူး) တို့ကို သွားရောက်၍ ရေနံနှင့်သဘာဝဓာတ်ငွေ့စူးစမ်းရှာဖွေရန် တွင်းအမှတ် (၈၈၅) တူးဖော်မှုနှင့် စက်ရုံပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။